စာမျက်နှာ

နန်းဟွမ်နွမ်းအေး နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

နန်းဟွမ်နွမ်းအေး နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်


e4222e4222a
အနုပညာ လောကအတွင်းသို့ တိုးဝင်လာကြသူများတွင် တိုင်းရင်းသူလေးများလည်း အပါအ၀င် ဖြစ်သည်။ ယင်းတိုင်းရင်းသူ လေးများထဲက တစ်ယောက်ဟု ဆိုရမည့် မူဆယ်မြို့ကိုစွန့်ခွာကာ ရန်ကုန် တွင် လာရောက်နေထိုင်ပြီး အနုပညာလုပ်ငန်းများ စတင်လုပ်ကိုင်နေသူ Miss UShido ဆုရှင် နန်းဟွမ်နွမ်းအေး ရွေးချယ်သည့် စိတ်ကြိုက်ဖက်ရှင်အား ယခုတစ်ပတ် ကဏ္ဍအတွက် တင်ပြရန် ရွေးချယ်ခဲ့သည်။
“ နန်းတို့ကနယ်ကနေ ရန်ကုန်ကိုလာနေပြီး အနုပညာအလုပ်တွေ လာလုပ်ရတာဆိုတော့ ဖက်ရှင်နဲ့  ပတ်သက်လို့လည်း အများကြီး လေ့လာရပါတယ်။ နန်း အခုတလော ကြိုက်နေတဲ့ဖက်ရှင်က ဂါဝန်အတို လေးတွေပါ။  ဒါကြောင့် ပထမ၀တ်စုံကို အမည်းရောင်ဂါဝန်အတိုလေးပေါ်မှာ အညိုရောင် ကုတ်အင်္ကျီ အတိုလေး ထပ်ဝတ်ထားပါတယ်။ ပုံစံရိုးနေမှာစိုးလို့ ခါးပတ်အသားရောင်လေး ပတ်ထားပါတယ်။ အဲဒါ ကို အောက်က စတော့ကင်းအရှည်လေး ၀တ်ထားပါတယ်။ ဒီဝတ်စုံလေးက ဆယ်ကျော်သက်တွေနဲ့ လိုက်ဖက်တဲ့ ပေါ့ပေါ့ပါးပါးဖြစ်နေတော့ အခုခေတ်စားနေတဲ့ မျက်မှန်အကြီးကြီးတပ်ပြီး ဦးထုပ်လေးဆောင်း လိုက်တယ်။  accessories အနေနဲ့ကတော့ အမည်းရောင်ကြိုးလုံး အကြီး ဆွဲကြိုးနဲ့ လက်ကောက် အကြီးကြီးတွေ ၀တ်ဖြစ်တယ်။ ဖိနပ်ကတော့ လေဒီရှူး အမည်းရောင်လေး စီးဖြစ်ပါတယ်။
နောက်တစ်စုံကတော့ ပွဲတက်ဝတ်စုံဒီဇိုင်းလေးပါ။ ဂါဝန် အမည်းအစင်းလေးပေါ်မှာ ပခုံးအတွန့် တစ်ခြမ်းထည့် ထားပါတယ်။ ခါးမှာတော့ခါးပတ်ပြား အမည်း ထည့်ထားတဲ့ဒီဇိုင်းပါ။  accessories  အနေနဲ့တော့ အမည်းနဲ့အဖြူရော ထားတဲ့ဆွဲကြိုးရယ်၊ အဖြူရောင် လက်ကောက်ရယ် ၀တ်ထားပါတယ်။ မိတ်ကပ်ကတော့ နှစ်စုံလုံးကို အတူတူပဲပြင်ထားတာပါ။ ပန်းရောင်များများလေး ပြင်ထားပါတယ်။ ဒီဝတ်စုံလေးကို ပြောရရင်တော့ လှပရိုးရှင်းတဲ့ ပွဲတက်ဝတ်စုံလေး လို့ပြောလို့ရပါတယ်”ဟု နန်းဟွမ်နွမ်းအေးက ရှင်းပြခဲ့သည်။
ထို့အပြင်ဖက်ရှင်စိတ်ကူးများနှင့်ပတ်သက်၍လည်း “အားတဲ့အချိန်တွေဆိုအပြင်ထွက်ပြီး ကောင်မလေးတွေက ဘယ်လိုဝတ်ကြတာလဲ၊ ရှော့ပင်းမောလ်တွေမှာ ဘယ်လို ဒီဇိုင်းတွေက ခေတ်စားလဲ လေ့လာရပါတယ်။ ဖက်ရှင်နဲ့ပတ်သက် တဲ့ channel  တွေကြည့်ဖြစ်သလို ဖက်ရှင်ကက်တလောက်တွေလည်း လေ့လာဖြစ်ပါတယ်။ ဖက်ရှင်ဆိုတာက ခေတ်ဆန်တာ၊ ခေတ်လွန်တာထက် ကိုယ်ဝတ်လိုက်တဲ့အခါ ကိုယ်နဲ့ လိုက်ဖက်လှပဖို့ပဲ အရေးကြီးတယ်လို့ ခံယူထားပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ရှမ်းတိုင်းရင်းသူ မော်ဒယ်လ်မလေး နန်းဟွမ်နွမ်းအေး ၏ စိတ်ကြိုက်ဖက်ရှင်အား ယခုတစ်ပတ်အတွက် တင်ပြပေးရင်း . . .

comment 0 comments:

Post a Comment

Delete this element to display blogger navbar

 
Powered by Blogger