မြန်မာဖက်ရှင်ဒီဇိုင်နာများ မျက်နှာပန်းလှခဲ့ကြတဲ့ ဘန်ကောက် ဖက်ရှင်ပြပွဲ
ဖက်ရှင်ပွဲတော်၏ ပထမနေ့နှင့် ဒုတိယနေ့များတွင် အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လုပ်ငန်းရှင်များ တက်ရောက် ချီးမြှင့်ခဲ့ကြကြောင်း သိရပြီး၊ အဆိုပါရက်များတွင်သာ မြန်မာဒီဇိုင်နာများ၏ လက်ရာ ဝတ်စုံများကို ပါဝင် ပြသခဲ့ကြကြောင်း၊ လူကြိုက် အများဆုံး မြန်မာဒီဇိုင်နာ မပုံ့(My Favourite)က အခုလို ပြောကြားခဲ့သည်။
''နိုင်ငံပေါင်းစုံက နိုင်ငံတိုင်းရဲ့ ရိုးရာတွေကို ဦးစားပေး ဖော်ကျူးထားတဲ့ ဒီဇိုင်းတွေနဲ့ တင်ဆက်ကြတော့ အရမ်း ထူးခြားပါတယ်။ လူကြိုက်များခဲ့တဲ့ အစ်မရဲ့ ဝတ်စုံအတွက် ဇကာအပါး ကိုက်(၅ဝ)လောက် အကုန်ခံပြီး ချုပ်ခဲ့ရတာပါ။ နောက်ပြီး ကမာနဲ့ ပုလဲအစစ်တွေ သုံးပြီး အဲဒီဝတ်စုံမှာ တီထွင်ထားခဲ့တာပါ။ ဝတ်စုံကို ဝတ်ပေးခဲ့တဲ့ ထိုင်းမော်ဒယ်ကဆို အဲဒီဝတ်စုံကို ကြိုက်လွန်းလို့ ပြန်ရောင်းခဲ့ပါလို့ ပြောနေသေးတာ၊ အစ်မက နှမြောလို့ မရောင်းခဲ့ဘူး။ အစ်မချုပ်ပြီး ပြသခဲ့တဲ့ ဝတ်စုံ (၆)စုံထဲမှာ အထူးခြားဆုံး ဝတ်စုံပါပဲ။ သူများတွေ ပြသွား တဲ့အထဲမှာ ကမ္ဘောဒီးယားက ဝတ်စုံတွေကို သဘောကျတယ်။ သူတို့ရဲ့ရိုးရာဝတ်စုံဒီဇိုင်းတွေကို ရိုးရာတီးလုံးနဲ့ လျှောက်ပြသွားကြသလို ခေတ်ပေါ်ဖက်ရှင်ဝတ်စုံတွေ ကိုလည်း ခေတ်တီးလုံးနဲ့ show လျှောက်ပြ သွားတာ အရမ်းမိုက် တယ်။ အစ်မတို့ကတော့ တီးလုံးတွေဘာတွေ ပြင်ဆင်မသွားခဲ့ရ သလို မော်ဒယ်ဆိုလည်း သူတို့မော်ဒယ်တွေနဲ့ပဲလေ။ ကမ္ဘော ဒီယားက တော့ မော်ဒယ်ဆိုရင်လည်း သူတို့ရဲ့မော်ဒယ်တွေနဲ့ သေချာပြင် ဆင်ပြီးခေါ်လာကြတာလေ။ အစ်မတောင် နောက် တစ်ခါဆိုရင် သူတို့တွေလို သေချာစဉ်းစားပြီး စီစဉ်သွားမယ် လို့စိတ်ကူးထားတယ်။ တခြားဝတ်စုံ တွေကတော့ အစ်မရဲ့ Trade Mark ဖြစ်တဲ့ ကျောက် တွေ၊စီးကွင့်တွေနဲ့ပဲအလှဆင်ထားတာပါ။ ကမ္ဘော ဒီးယားကဝတ်စုံတွေ ဆိုအစ်မတို့ထက်တောင် ဆိုးသေးတယ်။ စီးကွင့်တွေအများကြီးပဲ။ အစ်မတောင် မျက်စိ ကျိန်းခဲ့ရတယ်။ ဟား ...ဟား ...ဟား။
အစ်မရဲ့ ဝတ်စုံတွေကို အမှတ်ပေးခဲ့ကြတဲ့ အတွက် အစ်မပျော်ပါတယ်။ နေမကောင်း ဖြစ်နေတဲ့ကြားကနေ မရရအောင် သွားရောက်ပြသခဲ့တာပါ။ အစ်မအတွက် မှတ်တိုင်တစ်ခု ကျန်ခဲ့တဲ့ အတွက် ပီတိဖြစ်မိပါတယ်'' ဟု ဒီဇိုင်နာမပုံ့ (My Favourite) က သူမ၏ ပီတိစကားကို လျှပ်တစ်ပြက်သို့ ပြောကြားခဲ့သည်။
ထိုင်းအထည်အလိပ် ကုန်သည်ကြီးများ အသင်း (Tha Textile Mershants Association) ဥက္ကဋ္ဌ (Mr. Suchai Pornsirikul)က အဆိုပါပြပွဲ၏ ယခုနှစ် ဆောင်ပုဒ်မှာ '' Fashion Full Stop '' ဖြစ်သည်ဟု အင်တာနက် စာမျက်နှာများတွင် ဖြေကြားခဲ့ပြီး နိုင်ငံတကာ အဆင့် ဖက်ရှင်ပွဲတော်ကြီးကို အာဆီယံ (၁ဝ)နိုင်ငံအတွက် ပထမဦးဆုံး အနေဖြင့် ဘန်ကောက်မြို့တွင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက အတည်ပြု ပြောကြားထားသည်။ Photo; Thaicatwalk. com.
0 comments:
Post a Comment