Featured
စာမျက်နှာ
0 တင်မိုးလွင်အကြောင်း
တင်မိုးလွင်သည် မြန်မာနိုင်ငံ မော်ဒယ်လုပ်ငန်းကို အစပြုခဲ့သူတဦး ဖြစ်သည်။ မော်ဒယ် အမြောက်အမြားကို မွေးထုတ်ပေးခဲ့သည့်Talents & Models သင်တန်းကျောင်းကို တည်ထောင်ခဲ့သည်။ ထိုကျောင်းက သင်တန်းသား သင်တန်းသူ ထောင်နှင့်ချီ၍ လေ့ကျင့် ပျိုးထောင်ခဲ့ပြီး ဖြစ်သည်။ တင်မိုးလွင်သည် ရန်ကုန် စက်မှုတက္ကသိုလ် တက်နေစဉ် အသက် ၂၂ အရွယ်တွင်ပင် ကိုယ်ပိုင်လုပ်ငန်းကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သူ ဖြစ်သည်။
မြန်မာ့မော်ဒယ်လောကကို ဦးဆောင်နေသူ တင်မိုးလွင်သည် အခမ်းအနားအစီအစဉ် တင်ဆက်သူအဖြစ်လည်း အောင်မြင် ထင်ရှားသူတဦး ဖြစ်သည်။ ဧရာဝတီက တင်မိုးလွင်ကို မြန်မာပြည် မော်ဒယ်လောကအကြောင်း ဆက်သွယ် မေးမြန်းခဲ့သည်။
မေး။     ။ မော်ဒယ်လ် လုပ်ငန်း အစပြုခဲ့ပုံကို ပြောပြပါဦး။
ဖြေ။     ။ အရင်ကတည်းက အနုပညာကို စိတ်ဝင်စားတယ်။ ဆို၊ က၊ ရေး၊ တီး အရမ်း စိတ်ဝင်စားတယ်၊ အငြိမ့်၊ လူရွှင်တော်တွေကိုလည်း စိတ်ဝင်စားတယ်။ အမတို့ ငယ်တုန်းကတော့ အငြိမ့်၊ လူရွှင်တော်တွေနဲ့ပဲ ကြီးပြင်း ရတာ။ ဆယ့်နှစ်လရာသီ မြန်မာပွဲတော်တွေထဲမှာ အမြဲတမ်း ဒီလိုပွဲတွေက ပါတယ်လေ။ ဒါပေမယ့် ၁ဝတန်းအောင်ပြီးတဲ့ နောက်မှာတော့ ခေတ်သစ် အနုပညာလိုင်း တလိုင်း ကိုယ့်အာရုံထဲမှာ မြင်တာပေါ့၊ ကိုယ်က အဲဒီ အနုပညာလိုင်းကို စလုပ်လိုက်တဲ့ သဘောပဲ။ ရှေ့မှာ ရှိပြီးသား လိုင်းနဲ့ မတူဘူး။ မူကွဲတာပေါ့၊ မူကွဲတယ် ဆိုတာ ဈေးကွက်က အပြောင်းအလဲ ဖြစ်သွားတယ်၊ ဈေးကွက်စီးပွားစနစ် ဖြစ်သွားတဲ့ အခါကျတော့ ဒီထဲမှာ ဝင်ဆံ့နိုင်မယ့် အနုပညာ ဝန်ဆောင်မှု တခုကို စဉ်းစားလိုက်တော့ ဒါ အဆိုတော်လည်း မဟုတ်ဘူး၊ ရုပ်ရှင် သရုပ်ဆောင်လည်း မဟုတ်ဘဲနဲ့ တီဗီ ကြော်ငြာတွေ ဖြစ်လာတဲ့ အခါကျတော့ တီဗီကြော်ငြာ မော်ဒယ်တွေ အဲဒါတွေကို မွေးထုတ်မယ် ဆိုပြီးတော့မှ အဲဒါတွေကို သင်တန်းပေးရင်းနဲ့  စင်မြင့်မှာ  ဖက်ရှင်ရှိုး လျှောက်တာတွေ ပေါ်လာတယ်။
အရင်တုန်းက လှယဉ်ကျေးမယ်တွေပဲ ရှိတယ်။ ဖက်ရှင်မယ်ပဲ ရှိတာကနေ မော်ဒယ်လ် ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲပြီးတော့ အဲဒီ ဝန်ဆောင်မှု ဈေးကွက်ထဲထည့်လိုက်တာပေါ့။
မေး။     ။ လှယဉ်ကျေးမယ် နဲ့  မော်ဒယ်လ်တွေ ကွာခြားပုံလေးလည်း ပြောပါဦး။
ဖြေ။     ။ လှယဉ်ကျေးမယ် ကတော့ ရိုးရာပေါ့၊ ယိုးဒယားမှာလဲ ရှိတယ်လေ၊ ကထိန်တို့ ဘာတို့ဆို လွိုင်ကထုံမယ်တွေ ရွေးတယ်၊ ရိုးရာ အတိုင်းပဲ ဝတ်စားတယ်၊ ခါးတောင်းကျိုက်တယ်၊ ယိုးဒယားရင်ရှားတွေ ဝတ်ပြီးတော့၊ မိတ်ကပ်တွေ၊ အမောက် အမြင့်ကြီးတွေနဲ့ ပြိုင်ကြတယ်။ အဲဒါကတော့ ရိုးရာမပျက်ပေါ့။ လူမျိုးတမျိုး ရဲ့ရိုးရာ မပျက်အောင် ထိန်းထားတဲ့ အလှမယ်ပွဲတွေပေါ့။ မော်ဒယ်တို့၊ catwalk တို့ကတော့ ၂၁ ရာစုရဲ့ အလှမယ် ပုံစံတွေပေါ့။
မေး။     ။ ဒီလိုမျိုးအတွက် ဘယ်လို စံနှုန်းတွေ ရှိသလဲ။
ဖြေ။     ။ နိုင်ငံတကာမှာတော့ သူ့မှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိတယ်။ ကိုယ်အလေးချိန် ဘယ်လောက် ရှိရမယ်၊ အနည်းဆုံးတော့ ၅ ပေ ၈ လက်မ အထက်မြင့်မှပဲ စင်ပေါ်တက်ခွင့်ရှိတာ။ ဒါပေမယ့် အာရှမှာတော့ အားလုံးကလည်း ခပ်ပုပုတွေပဲလေ။ အမြင့်ကြီးတွေနဲ့လာပြီး ကြော်ငြာလို့လည်း အားကျတာပဲ ရှိပေမယ့် အဲဒီ အမြင့်ကြီးတွေ ဝတ်သလို၊ အဲသလို အပိန်လေးတွေ ဝတ်သလိုလည်း  လိုက်ဝတ်လို့ မရပြန်ဘူး။ အင်တာနေရှင်နယ် မီအောင် လုပ်တဲ့ ပွဲတချို့လည်း ရှိကောင်း ရှိမယ်။ ဒါပေမယ့်လည်း ကိုယ့်ပြည်တွင်းက သုံးစွဲသူတွေ သုံးစွဲနိုင်ဖို့လည်း ကြည့်လို့ကောင်းအောင် လုပ်တဲ့ ပွဲမျိုးလည်း ရှိတာပေါ့။ အဲဒါကြတော့ မော်ဒယ်တွေက မြန်မာပြည်မှာ ထုတ်တဲ့ ကုန်ပစ္စည်း မြန်မာပြည်ကလူတွေ ဝယ်ယူ သုံးစွဲနိုင်မယ့် ကုန်ပစ္စည်းမျိုး ဆိုရင်တော့ အဲဒီ ဒေသခံ မော်ဒယ်နဲ့ပဲ သွားရတာပဲ။ သူတို့ကတော့ ပုချင်လည်းပုမယ်။ ဝ ချင်လည်း နည်းနည်းဝမယ်။ ပေါင်လေး နည်းနည်းပိုရင်လည်း ပိုမှာပေါ့။
ဟိုတနေ့က ရန်ကုန်မှာ ဂျပန်က လာရွေးတာရှိတယ်၊ အဲဒါတွေကြတော့ ၅ ပေ ၈ အထက်တွေပဲ ရွေးတယ်။ နိုင်ငံတကာမှာ ထိပ်သီး ၅ ဦး စာရင်းဝင်တဲ့ ဂျပန်က ဒီဇိုင်နာ တယောက်က နေပြီးတော့ ကျမတို့ မြန်မာနိုင်ငံမှာ ပွဲလာလုပ်ပေးမှာ၊ သူ့စရိတ်နဲ့သူပေါ့။ ဒီတော့ ဒီမှာ ရွေးတာ အင်တာနေရှင်နယ်စံနဲ့ပဲ ရွေးတယ်။ ယောက်ျားလေးဆိုရင် ၆ ပေ နီးပါးတွေပေါ့။ မိန်းကလေးဆို ၅ ပေ ၈ အထက်တွေ။
တကယ်တော့ ကိုယ့်ဒေသထဲမှာ ပြမယ့် ရှိုးတွေ အတွက်တော့ ကိုယ့်ဒေသထဲမှာ လက်ခံနိုင်လောက်တဲ့ ပုံစံမျိုးနဲ့ ဆိုရင်ကို ရပါပြီ။
မေး။     ။ မတင်မိုးလွင်တို့ အစပြုခဲ့တုန်းကနဲ့ အခု အခြေအနေနဲ့ ဘယ်လောက် ကွာခြားနေပြီလဲ။
ဖြေ။     ။ အခုတော့ အားလုံးက တော်တော်ကြီး မျက်စိပွင့် နားပွင့်နဲ့ အမြင်လည်း ကျယ်လာကြပြီ။ လက်ခံတယ်၊ ထောက်ခံတယ်။ အားပေးတယ်။ အရင်တုန်းကတော့ လက်လည်း လက်မခံဘူး။ ထောက်လည်း မထောက်ခံဘူး။ အားလည်း မပေးဘူး။ အပြစ်ဘဲ ပြောကြတယ်။ စာနယ်ဇင်းတွေကလည်း တော်တော်များများက မကောင်းတဲ့ ရှုထောင့်ဘက်က ရေးတယ်။ တချို့တလေက ကောင်းတဲ့ဘက်က ရေးတယ်။ ကိုယ်ကလည်း ကောင်းကောင်းမွန်မွန် လုပ်ပြနိုင်တဲ့အခါ ကောင်းတဲ့ဘက်က ရေးတဲ့လူ များလာတယ်။
အရင်တုန်းကဆိုရင် မိဘတွေက အားပေးတယ် ဆိုရင်တောင်မှ အဘိုး အဘွား မသိအောင် လုပ်ရတာ။ အခုက အဘိုး အဘွားကော မိဘတွေကော အားပေးလာတယ်။ သားသမီးတွေလည်း ပိုပြီးတော့ ကိုယ်လုပ်ချင်တဲ့ အနုပညာကို လွတ်လွတ် လပ်လပ်နဲ့  ယုံကြည်မှု ရလာတာပေါ့။
ရိုးရာလည်း ရှိသေးတယ်။ ဥပမာ- ရခိုင်အလှမယ်၊ သူ့တိုင်းနဲ့ သူ့ပြည်နယ် သူ့ရာသီအလိုက် ပွဲတော် အလိုက်တော့ ရှိတာပေါ့။ Miss Al Pine ဆိုရင် Al Pine သောက်ရေသန့် ဦးစီးပြီးလုပ်တာတို့၊ Miss Ferrovit ဆိုရင် Ferrovit အားဆေးက ကြီးမှူးပြီး လုပ်လိုက်တာတို့။ ဒါမျိုးတွေကတော့ အင်တာနေရှင်နယ် ပုံစံ ဖြစ်သွားပြီ၊ ဝတ်တာ စားတာတွေက အစလေ။ ရေကူးဝတ်စုံ မဟုတ်ပေမယ့် စကတ် အတိုတွေ ဘာတွေနဲ့ ပိုပြီးတော့ ဘယ်လိုခေါ်မလဲ ခေတ်မီလာတာပေါ့၊ ကြည့်လို့လည်း ပိုကောင်းလာတာပေါ့နော်၊ မြင်နေကျ မဟုတ်ဘဲ ပိုထူးခြားတဲ့ အမြင်သစ်၊ အတွေးသစ် တင်ဆက်မှုတွေ များလာတာပေါ့။
မေး။     ။ ဝတ်စားဆင်ယင်မှုအပိုင်းမှာ ရိုးရာက လက်ခံထားမှုနဲ့ ထိပ်တိုက်တွေ့ ဆန့်ကျင်ခံရတာမျိုးများ ရှိလား။
ဖြေ။     ။ အရင်တုန်းကတော့ အရမ်းရှိပါတယ်။ အခုတော့လည်း အေးဆေးပါပဲ ဖြစ်သွားပါပြီ။ အဲဒီဟာလည်း ညှိနှိုင်းရတာပေါ့။ အားလုံးကလည်း နားလည် လက်ခံလာကြတော့ ထိပ်တိုက်တွေ မရှိတော့ပါဘူး။ သင်္ကြန်ဆိုရင် မဏ္ဍပ်တွေ ရှိတယ်။ မဏ္ဍပ်တွေပေါ်မှာ ကကြတယ်။ ဖက်ရှင်ရှိုးတွေ လျှောက်ကြတယ်။ အဲသလိုပဲ ဗမာထဘီတွေနဲ့ ယိမ်းတွေနဲ့ ကနေကြတုန်းပဲ။ ဒါတွေက ထိပ်တိုက် တွေ့စရာ မဟုတ်တော့ဘူးလို့ အားလုံးက သိလာကြပြီ။ ယိမ်းကတဲ့ လူကလည်း မော်ဒယ်လျှောက်လာကြပြီလေ။ အဲသလိုမျိုး သိတယ် မဟုတ်လား ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတော့ အတူတူ ဖြစ်သွားကြတယ်။
မေး။     ။ မော်ဒယ်တယောက်ဖြစ်ဖို့ အသက်အရွယ် အကန့်အသတ် ရှိသလား။
ဖြေ။     ။ နိုင်ငံခြားမှာတော့ အစိတ်ကျော်ရင် သိပ်ပြီးတော့ မသုံးတော့ဘူး။ သူတို့ သုံးတဲ့ သက်တမ်း ၂ နှစ်၊ ၂နှစ်ခွဲ အတွင်းမှာ ဈေးကွက်ဝင်တယ် ဆိုရင် ဆက်တက်သွားတာပေါ့။ အဲသလိုမျိုး အလားတူ အရည်အချင်းနဲ့ပဲ အသစ်တွေ ရုရှားတို့လိုမျိုး ဈေးကွက်ထဲ ရောက်လာတယ်ဆိုရင်တော့ ရှေ့ကလူတွေ နားသွားတာမျိုးလည်း ရှိတာပေါ့။
မြန်မာပြည်မှာက နုကြတော့ တချို့လည်း ၂၇၊ ၂၈ လောက်ထိလောက်ပဲ လုပ်တော့ လုပ်နေကြတာရှိတာပေါ့။ နိုင်ငံတကာ အတွက်တော့ မဟုတ်ဘူး။ မြန်မာဈေးကွက် အတွက်ပဲ။ ကိုယ့်ဘာသာကိုယ်ပဲ ဖန်တီးပြီး ပြတာပေါ့။
ပုံမှန်အားဖြင့် ၂၅ ကျော်ရင် သိပ်ပြီးတော့ မလုပ်ကြတော့ဘူး။ လုပ်ပေးလို့ သိပ်ပြီးတော့ မကောင်းတော့ဘူး။
မေး။     ။ မကောင်းတော့ဘူးဆို သူတို့ ဘာဆက်လုပ်ကြမလဲ။
ဖြေ။     ။ အလုပ်ထဲ ဝင်ရင်ဝင်၊ မဝင်ရင်လည်း ဒီဇိုင်နာ လုပ်ရင်လုပ်၊ တချို့လည်း သရုပ်ဆောင် လောကထဲဝင်ကြတာပေါ့။ နောက်ထပ် အသစ်တက်တဲ့ ကလေးတွေက အရမ်း ထူးချွန်ပြီး၊ အရမ်းလည်း ကြိုးစားကြတော့ ပိုကောင်း ပိုတော်တာတွေက အစားထိုးလာတယ်။ တတ်တဲ့၊ တော်တဲ့၊ နားလည်တဲ့သူက များလာပြီး ဈေးကွက်က သေးတယ်၊ အရမ်း မဖွံ့ဖြိုးလာဘူး။
ပြည်ပက သွင်းလာတဲ့ အမှတ်တံဆိပ်တွေ ပိုများလာရင်၊ ဒေသတွင်း ပစ္စည်းတွေလည်း ပိုများလာရင် မော်ဒယ် ပိုလိုလာတာပေါ့။ တကမ္ဘာလုံး အနေအထားအရ ချုံ့ရတယ်၊ ချွေတာရတယ် ဆိုတော့ အကြီးအကျယ်တော့ ဘယ်သူမှ မလုပ်ကြတော့ဘူး။  ဒါကြောင့် ဈေးကွက်က အမှန် မရှိဘူး။ မျှော်လင့်လို့ မရဘူး။ အီတလီ၊ မီလန် တို့ ပြင်သစ်၊ ပါရီတို့ မှာကတော့ အခိုင်အမာရှိတယ်။ အဲသလိုမျိုးနဲ့တော့ ယှဉ်လို့တော့ မရဘူး။ သူတို့က Fashion Paradise တွေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော် ၄ဝ ကတည်းက အစ တည်ခဲ့ကြတာ ဆိုတော့ ကိုယ်တို့နဲ့ လုံးဝ မယှဉ်နိုင်ဘူးပေါ့။
မေး။     ။ မော်ဒယ်လောကထဲကလာတဲ့သူတွေအတွက် အလုပ်အကိုင်တွေ ရွေးစရာ အတော်များများ ရှိသလား။
ဖြေ။     ။ ယိုးဒယားမှာကြတော့ မော်ဒယ်တွေကော Miss တွေကော အသက် ကျော်သွားပြီဆိုရင် အရမ်းကို သြဇတိက္ကမကြီးမားတဲ့ ကုမ္ပဏီကြီးတွေက presenter တွေ ပြန်ခန့်ကြတယ်လေ၊ သူတို့ တံဆိပ်ကို ကိုယ်စားပြုပေးတာတို့။ အလှအပ ရေးရာ အကြံပေးတို့ ပြန်ခန့်ကြတယ်။ သူတို့ အတွက်တော့ အလုပ်အကိုင်က မရှားဘူးပေါ့။ ဟိုတယ်တွေကလည်း ခေါ်တယ်။
မြန်မာပြည်မှာတော့ ကိုယ့်မိဘအလုပ်ကို ပြန်လုပ်။ မလုပ်ရင် ကိုယ်တတ်ထားတဲ့ တက္ကသိုလ်ပညာနဲ့ ဌာနတို့ ကုမ္ပဏီတို့ဝင်။ မဝင်ရင်လည်း နိုင်ငံခြားမှာ အလုပ် သွားလုပ်ရင် လုပ်ပေါ့။ ဒါမှမဟုတ်လည်း တခြား အနုပညာလောကထဲ ကူးချင်လည်း ကူးပေါ့။ ကိုယ့်ဟာကိုယ် အဆင်ပြေသလို လုပ်ရမှာပေါ့။
မေး။     ။ ဒီနေ့ မြန်မာပြည် မော်ဒယ်လောကထဲ ဝင်လာတဲ့သူတွေအကြောင်း နည်းနည်း ပြောပြပါ။
ဖြေ။     ။ စိတ်ဓာတ်ကျပြီး ဘာမှမလုပ်ဘဲနဲ့ အိမ်မှာပဲ နေတာလည်း ရှိတာပေါ့။ အများကြီးပါပဲ။ အမျိုးစုံပေါ့။ တတ်ကြွတဲ့ လူလည်း ရှိတယ်။ နှေးကွေးတဲ့လူလည်း ရှိတယ်။ ယုန်လေးတွေ၊ လိပ်ကလေးတွေလိုပဲ အမျိုးမျိုးပါပဲ။ ဇွဲရှိသူလည်း ရှိတယ်။ ဇွဲ မရှိသူလည်း ရှိတယ်။
မပြောရဲ မဆိုရဲ နှေးကွေးနေရင် ကိုယ့်အတွက် နေရာ ပိုရှားတယ်။ ကိုယ်က အရမ်း ပျင်းနေရင်၊ သင်ယူတာလည်း အရမ်း နောက်ကျတယ်ဆိုရင်၊ ရှေ့ မထွက်ရဲရင် ကိုယ့်ရဲ့ ရပိုင်ခွင့်က ပို ဆုံးရှုံးသွားမှာလေ။
ဒီလောကထဲ ဝင်တယ် ဆိုလို့ရှိရင် နာမည်ကြီး မော်ဒယ်တယောက် ဖြစ်ဖို့ ရည်ရွယ်တာထက် လူကြားထဲ ဝင်ဆံ့ပြီးတော့ စမတ်ကျကျနဲ့ နေထိုင်နိုင်ဖို့၊ လူအကြောင်း သိနိုင်ဖို့ လိုတယ်။ ဈေးကွက် စီးပွားရေးစနစ် ဆိုတော့ မားကက်က အရမ်း အရေးကြီးတာ၊ အဲဒါကို သဘောပေါက်မယ် ဆိုရင်တော့ ပညာသင်ပြီး သိရှိထားတဲ့ ပညာနဲ့တော့ ဝင်ဆံ့အောင် အများကြီး လုပ်လို့ ရတယ်။ အဲလိုမှ မဟုတ်ရင်တော့ ရိုးရိုးဘွဲ့ရ လူငယ်တယောက် အနေနဲ့ပဲ ရှိခဲ့မှာပဲ။ အင်ဖော်မေးရှင်းကလည်း အရမ်း မြန်တော့ လိုက်မမှီဘဲ ဖြစ်မယ်။ ဈေးကွက် အရမ်းသေးလို့ ပိုကြိုးစားရမှာလို့ ပြောချင်ပါတယ်။
မေး။     ။ မော်ဒယ်တွေ ဘာလုပ်သင့်တယ်၊ ဘာတွေ ပြင်ဆင်ထားသင့်တယ်လို့ အကြံပေးမလဲ။
ဖြေ။     ။ တလိုင်းတည်း သွားဖို့ ဘယ်တော့မှ အကြံမပေးဖူးဘူး။ ကိုယ်က လူတွေကြားထဲ ဝင်ဆန့်တယ် ဆိုတာ ဒါက ပညာရပ် တခုလေ။ ဒီတော့ အခွင့်အရေးရှိတုန်း၊ အရွယ်ရှိတုန်းမှာ လာလုပ်ကြ။ ပြီးရင် ကိုယ့်အတွက် ခိုင်မယ့် နေရာတွေကို ဝင်လုပ်ကြ။ တချို့ဆို မိတ်ကပ်ကုမ္ပဏီမှာ အကြံပေးတွေ ပြန်လုပ် ကြတယ်။ မော်ဒယ်ထက်လည်း သူတို့ ပိုပြီးတော့ ဝင်ငွေကောင်းတယ်။ ရာထူးလည်း ကြီးသွားတယ်။ ဒါပေမယ့် တယောက်တည်းနဲ့  ရှစ်မျိုးလောက် တတ်ဖို့လိုတယ်။ ပေါင်းသင်း ဆက်ဆံရေး၊ အဝတ်အစား စမတ်ကျတာ၊ စီမံခန့်ခွဲမှု၊ ဖန်တီးနိုင်စွမ်း ရှိတာ စသဖြင့် အများကြီးတော့ လိုတယ်။ ဒါတွေကို ကျမတို့ဆီမှာ ၂ နှစ် ၃ နှစ် လုပ်ရင်းနဲ့ သင်ကြပေါ့။ မော်ဒယ်လုပ်ရင်းနဲ့ အဆင်သင့်တဲ့ ကိစ္စတွေ တွဲသင်သင့်တယ်။     ။
Read more
1 မြန်မာမလေးတွေ လှကြပါသည်
ညီမလေးတစ်ယောက်ပို့ပေးလာတဲ့ မင်္ဂလာဆောင်ဓါတ်ပုံလေးကို ကြည့်ရင်း ကိုယ်လည်းမြန်မာပြည်ပြန်ရောက်ရင်ဖြင့် ထမီတွေပြန်ဝတ်ရတော့မှာပဲလို့ ပြောမိတော့ အမျိုးသားက ထမီကြီးဝတ်မှမဟုတ်ပါဘူး၊ ဘောင်းဘီတွေပဲဝတ်ပါတဲ့ လုံလုံခြုံခြုံရှိဘို့အဓိကတဲ့။း)ဒါပေမယ့်လည်း ကျွန်မတို့ပြန်လာရင် မင်္ဂလာဆောင်ကြမယ်ဆိုတဲ့ မောင်ငယ် ၊ ညီမငယ်တွေရဲ့မင်္ဂလာပွဲကိုတော့ မြန်မာဝတ်စုံလေးနဲ့ သန့်သန့်ခန့်ခန့်သွားသင့်တာပေါ့နော်။ကျွန်မ မြန်မာပြည်ပြန်ရောက်ရင် မင်္ဂလာဆောင်ဖိတ်မယ့် ဘလော့ဂါမောင်ငယ် ၊ ညီမငယ်တွေက တော်တော်များနေတယ်။ဟုတ် မဟုတ်တော့ မသိဘူး။တချို့မောင်ငယ် ညီမငယ်တွေကလည်း မမ၀ါတို့ကို လာစေချင်လို့ မမ၀ါတို့ပြန်လာမှ မင်္ဂလာဆောင်ဘို့ စီစဉ်ထားကြတယ်ဆိုပဲ။ကျွန်မကလည်းပြန်ပြောလိုက်ပါတယ် အဲလိုပဲပြောနေကြတာ ၃ ယောက်ရှိပြီလို့။း)
ဒီနေ့တော့ စိတ်လိုလက်ရပဲ မြန်မာဝတ်စုံလေးတွေကို ရှာကြည့်မိပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ လှပသူတွေဝတ်ပြထားတော့လည်း ကျွန်မတို့မြန်မာဝတ်စုံလေးတွေက လှပသပ်ယပ်နေတာပါပဲ။ကြည့်ရတာ အရမ်းကျက်သရေရှိပါတယ်။မြန်မာပြည်ပြန်ရောက်ရင် မင်္ဂလာအခမ်းအနားလေးတွေ ၊ ဘုန်းကြီးကျောင်းအလှူပွဲတွေသွားရင် ၀တ်ဖို့ မြန်မာဝတ်စုံလေးတွေချုပ်ရပါဦးမယ်။နဂိုကတည်းကမှ နုနုနွဲ့နွဲ့မဟုတ်တဲ့ ကျွန်မနဲ့ မြန်မာဝတ်စုံက သိတ်မလိုက်ဖက်သလိုပါပဲ။သူများတွေ မြန်မာဝတ်စုံလေးတွေနဲ့ လှလှပပ ချပ်ချပ်ယပ်ယပ်ရှိနေကြရင် ကျွန်မကတော့ အားကျမိပါတယ်။
ပွဲတက်အခမ်းအနားလေးတွေမှာတော့ မြန်မာဝတ်စုံလေးတွေဝတ်ပြီး အခမ်းအနားတက်ရတာ တင့်တယ်ခန့်ညားပါတယ်။ ခေတ်မှီမှီစတိုင်လေးနဲ့ လုံလုံခြုံခြုံသတ်သတ်ယပ်ယပ်ရှိနေတဲ့ သက်မွန်မြင့်ဝတ်ထားတဲ့စတိုင်လေးတွေကိုလည်း မျက်စိကျမိပြန်ပါတယ်။
ဘာရယ်မဟုတ်ပါဘူး။ကိုယ်ကြည့်မိလို့ သူများတွေကိုလည်း အပျင်းပြေကြည့်စေချင်လို့ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်။း)
Read more
0 နန်းဟွမ်နွမ်းအေး နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်
နန်းဟွမ်နွမ်းအေး နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်
e4222e4222a
အနုပညာ လောကအတွင်းသို့ တိုးဝင်လာကြသူများတွင် တိုင်းရင်းသူလေးများလည်း အပါအ၀င် ဖြစ်သည်။ ယင်းတိုင်းရင်းသူ လေးများထဲက တစ်ယောက်ဟု ဆိုရမည့် မူဆယ်မြို့ကိုစွန့်ခွာကာ ရန်ကုန် တွင် လာရောက်နေထိုင်ပြီး အနုပညာလုပ်ငန်းများ စတင်လုပ်ကိုင်နေသူ Miss UShido ဆုရှင် နန်းဟွမ်နွမ်းအေး ရွေးချယ်သည့် စိတ်ကြိုက်ဖက်ရှင်အား ယခုတစ်ပတ် ကဏ္ဍအတွက် တင်ပြရန် ရွေးချယ်ခဲ့သည်။
“ နန်းတို့ကနယ်ကနေ ရန်ကုန်ကိုလာနေပြီး အနုပညာအလုပ်တွေ လာလုပ်ရတာဆိုတော့ ဖက်ရှင်နဲ့  ပတ်သက်လို့လည်း အများကြီး လေ့လာရပါတယ်။ နန်း အခုတလော ကြိုက်နေတဲ့ဖက်ရှင်က ဂါဝန်အတို လေးတွေပါ။  ဒါကြောင့် ပထမ၀တ်စုံကို အမည်းရောင်ဂါဝန်အတိုလေးပေါ်မှာ အညိုရောင် ကုတ်အင်္ကျီ အတိုလေး ထပ်ဝတ်ထားပါတယ်။ ပုံစံရိုးနေမှာစိုးလို့ ခါးပတ်အသားရောင်လေး ပတ်ထားပါတယ်။ အဲဒါ ကို အောက်က စတော့ကင်းအရှည်လေး ၀တ်ထားပါတယ်။ ဒီဝတ်စုံလေးက ဆယ်ကျော်သက်တွေနဲ့ လိုက်ဖက်တဲ့ ပေါ့ပေါ့ပါးပါးဖြစ်နေတော့ အခုခေတ်စားနေတဲ့ မျက်မှန်အကြီးကြီးတပ်ပြီး ဦးထုပ်လေးဆောင်း လိုက်တယ်။  accessories အနေနဲ့ကတော့ အမည်းရောင်ကြိုးလုံး အကြီး ဆွဲကြိုးနဲ့ လက်ကောက် အကြီးကြီးတွေ ၀တ်ဖြစ်တယ်။ ဖိနပ်ကတော့ လေဒီရှူး အမည်းရောင်လေး စီးဖြစ်ပါတယ်။
နောက်တစ်စုံကတော့ ပွဲတက်ဝတ်စုံဒီဇိုင်းလေးပါ။ ဂါဝန် အမည်းအစင်းလေးပေါ်မှာ ပခုံးအတွန့် တစ်ခြမ်းထည့် ထားပါတယ်။ ခါးမှာတော့ခါးပတ်ပြား အမည်း ထည့်ထားတဲ့ဒီဇိုင်းပါ။  accessories  အနေနဲ့တော့ အမည်းနဲ့အဖြူရော ထားတဲ့ဆွဲကြိုးရယ်၊ အဖြူရောင် လက်ကောက်ရယ် ၀တ်ထားပါတယ်။ မိတ်ကပ်ကတော့ နှစ်စုံလုံးကို အတူတူပဲပြင်ထားတာပါ။ ပန်းရောင်များများလေး ပြင်ထားပါတယ်။ ဒီဝတ်စုံလေးကို ပြောရရင်တော့ လှပရိုးရှင်းတဲ့ ပွဲတက်ဝတ်စုံလေး လို့ပြောလို့ရပါတယ်”ဟု နန်းဟွမ်နွမ်းအေးက ရှင်းပြခဲ့သည်။
ထို့အပြင်ဖက်ရှင်စိတ်ကူးများနှင့်ပတ်သက်၍လည်း “အားတဲ့အချိန်တွေဆိုအပြင်ထွက်ပြီး ကောင်မလေးတွေက ဘယ်လိုဝတ်ကြတာလဲ၊ ရှော့ပင်းမောလ်တွေမှာ ဘယ်လို ဒီဇိုင်းတွေက ခေတ်စားလဲ လေ့လာရပါတယ်။ ဖက်ရှင်နဲ့ပတ်သက် တဲ့ channel  တွေကြည့်ဖြစ်သလို ဖက်ရှင်ကက်တလောက်တွေလည်း လေ့လာဖြစ်ပါတယ်။ ဖက်ရှင်ဆိုတာက ခေတ်ဆန်တာ၊ ခေတ်လွန်တာထက် ကိုယ်ဝတ်လိုက်တဲ့အခါ ကိုယ်နဲ့ လိုက်ဖက်လှပဖို့ပဲ အရေးကြီးတယ်လို့ ခံယူထားပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ရှမ်းတိုင်းရင်းသူ မော်ဒယ်လ်မလေး နန်းဟွမ်နွမ်းအေး ၏ စိတ်ကြိုက်ဖက်ရှင်အား ယခုတစ်ပတ်အတွက် တင်ပြပေးရင်း . . .
Read more
0 ခေတ်မီတာလား၊ ခေတ်ဆန်တာလား၊ ခေတ်လွန်တာလား လက်ရှိဖက်ရှင် ရေစီးကြောင်း အဆိုးအကောင်းနှင့် သူတို့အမြင်
ဒီဇိုင်နာလတ်လတ်
ဒီဇိုင်နာပြည်စိုးအောင်
    ကျွန်တော်ပွဲတစ်ပွဲအတွက် ၀တ်စုံစပွန်ဆာပေးမယ်ဆိုရင် ဒီဝတ်စုံကိုဝတ်မယ့် မော်ဒယ်လ်ပဲဖြစ်ဖြစ်၊ မင်းသမီးပဲဖြစ်ဖြစ် သူ့ကိုယ်တိုင်းနဲ့ပဲ ကျွန်တော်စဉ်းစားပါတယ်။ ၀တ်စုံကို Fitting ချပြီးမှပဲ တီထွင်ဖြစ်တာပါ။  ၀တ်စုံဒီဇိုင်းဝတ်တယ် ဆိုတာက ကိုယ့်သိက္ခာ အဆင့်အတန်းနဲ့အများကြီး သက်ဆိုင်နေပါတယ်။ ကိုယ်သွားရမယ့်ပွဲ၊ အနေအထားနဲ့ လိုက်ဖက်ညီတဲ့ ၀တ်စားဆင်ယင်မှုမျိုးဖြစ်အောင် သတိထားသင့်တာပေါ့။ မိန်းက လေးတစ်ယောက်က လိုအပ်တာထက်ပိုပြီး ကိုယ့်ရဲ့ထိန်းသိမ်းရမယ့် အရာတွေကို ဖော်ပြ၀တ်စားမယ်ဆိုရင် သူ့ကိုအားနာလို့ မပြောဘူးဆိုရင်တောင် အထင်ကြီးလေးစားတယ် ဆိုတာမျိုးတော့ ရှိမယ်မထင်ဘူး။ အထင် သေး ရှုတ်ချခံရဖို့ပဲရှိပါတယ်။ ဒါကြောင့် အလွန်အကျွံကြီး ၀တ်စားဆင်ယင်နေတာမျိုးတော့ လုံးဝမထောက်ခံပါဘူး။ ကျွန်တော်တို့ ဒီဇိုင်နာတွေဘက်ကလည်း အပြန်အလှန် ထိန်းသိမ်းသွားသင့်တယ်လို့ ထင်ပါတယ်။
ဒီဇိုင်နာမမဉ္ဇူ
    အခုတွေ့မြင်နေရတဲ့ အများစုသော အနုပညာရှင်တွေ၊ သာမန်မိန်း ကလေးတွေကအစ လွန်ကျွံတဲ့ဝတ်စားဆင်ယင်မှုမျိုးတွေ ၀တ်နေကြတာတွေ တွေ့မြင်နေရပါတယ်။ အနုပညာရှင်တွေ အနေနဲ့ကတော့ ဒါဟာ လို အပ်တာထက်ပိုပြီး ပရိသတ်အာရုံစိုက်မှုကို ရယူလိုလို့လား၊ ဒါမှမဟုတ် ထင်ရှားကျော်ကြားချင်လို့လား ဒီလိုမေးစရာပါ။ ဒီလိုသဘောမျိုးနဲ့ ၀တ်တယ်ဆိုရင်လည်း ဒါကမဖြစ်သင့် တာပါပဲ။ ကိုယ်ပိုင်စွမ်းရည်နဲ့ပဲ အနု ပညာဆိုတာ ကျော်ကြားတာ ကောင်းပါတယ်။ မလိုအပ်ပဲ ဖော်နေတာမျိုးကတော့ မကောင်းပါဘူး။ အော်စကာဆုပေးပွဲလို နေရာမျိုးကို ဘယ်လိုတွေ ၀တ်ပြီးတက်ကြသလဲ၊ နိုင်ငံတကာမှာရှိတဲ့ သမ္မတကတော်တွေ၊ မင်းစိုး ရာဇာတွေ ဘယ်လိုဝတ်ကြသလဲ စသဖြင့် သတိထားကြည့်ရင် လေ့လာလို့ရပါတယ်။ အပြန်အလှန်အားဖြင့် ပြောရရင်တော့ ၀တ်စုံဒီဇိုင်းတွေကို ဖန်တီးပေးရတဲ့ ဒီဇိုင်နာတွေမှာလည်း အများကြီး တာဝန်ရှိပါတယ်။ ကိုယ်ဖန်တီးတဲ့ ၀တ်စုံတစ်စုံဟာ မြန်မာပြည်တွင်းမှာ ၀တ်မှာဖြစ်တဲ့အတွက် ပြည်တွင်းနဲ့ လိုက်ဖက်သင့်လျော်တဲ့ ဒီဇိုင်းမျိုးဖြစ်အောင် သတိထားရမှာပါ။ မလိုအပ်ဘဲ အဖော်အချွတ် မဖြစ်အောင်သတိထားဖို့ လိုသလိုကိုယ်ပိုင်ဖန်တီးမှုသာရှိရင် ဘာတစ်ခုမှဖော်စ ရာမလိုဘဲလည်း လှပါတယ်ဆိုတာ ပြောပြချင်ပါတယ်။
တင်မိုးလွင်
အိန္ဒြာကျော်ဇင်
ဒီဇိုင်နာသက်နှင်းအေး
    ကျွန်မအနေနဲ့ကတော့ ၀တ်စုံတစ်စုံကို လာအပ်ပြီဆိုရင် ဘယ်လိုနေရာသွားမှာလဲ၊ ဘယ်လိုပွဲသွားမလဲ ဆိုတာမျိုး အမြဲမေးပါတယ်။ အဲဒီလိုမေးပြီးမှ ၀တ်မယ့်သူရဲ့အသားအရေ၊ structure တွေနဲ့ လိုက်ဖက်တာကို စဉ်းစားဖန်တီးဖြစ်ပါတယ်။ ၀တ်စားဆင်ယင်မှုကို ခြုံပြီးပြောရမယ်ဆိုရင်ပေါ်မှ စတိုင်လ်မိုက်တာမျိုး မဟုတ်ဘူး။ ကိုယ်နဲ့လိုက်ဖက်မှုရှိဖို့က ပိုအရေးကြီးတာ။ စတိုင်လ်မိုက်တယ် ဆိုတာကအရောင်၊ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ပုံစံဆိုတာတွေ ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ တချို့ကျ တိုမှလှမယ်ထင်တယ်။ ကိုယ့်အချိုး အဆက်ကကျတော့ အဲဒီလိုအတိုနဲ့ မလိုက်ဖက်တာမျိုးဆိုရင် ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။
မိုးယုစံ
    မိုးယုတို့က မြန်မာပြည်မှာနေတဲ့ မြန်မာမိန်းကလေးတွေ ဖြစ်နေတဲ့အတွက် မြန်မာဆိုတဲ့ အတွေးအမြင်လေးနဲ့ ကိုယ်ဝတ်တဲ့ အ၀တ်အစားပေါ်မှာ ထိန်းသိမ်းဖို့တော့ လိုအပ်တယ်လို့ ထင်ပါတယ်။ မိုးယုတို့ရှိုးပွဲ တွေလျှောက်တဲ့အခါ ဒီဇိုင်နာတွေ ဆင်ပေးတဲ့ ၀တ်စုံမျိုးကိုဝတ်ရတာ ဖြစ်တဲ့အတွက် တချို့ဝတ်စုံလေးတွေက တိုသွားတာမျိုးလေးတွေ ရှိနိုင်ပါတယ်။ လူငယ်တစ်ယောက် ဖြစ်တဲ့အတွက် မိုးယုအတိုလေးတွေ တစ်ခါတလေမှာ ၀တ်ရင်လည်း ၀တ်ဖြစ်ပါတယ်။ ဒါပေမယ့် အဓိကတော့ မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ သင့်တော်တဲ့ပုံစံမျိုးဖြစ်အောင်ပဲ အဓိကထား ရွေးချယ်ပါတယ်။ ကိုယ်ဝတ်တဲ့ အ၀တ်အစားကြောင့် ကိုယ့်သိက္ခာ ကျဆင်းရမယ့် အဖြစ်မျိုးတော့ အဖြစ် မခံချင်ဘူးလေ။ ဒါကြောင့် မိုးယုအနေနဲ့တော့ ၀တ်စားဆင်ယင်မှုအပိုင်းကို အတတ်နိုင်ဆုံး သတိထားပါတယ်။  မိုးယုတို့လို အနုပညာရှင်တွေပဲဖြစ်ဖြစ်၊ သာမန်မိန်းကလေး တစ်ယောက် ပဲဖြစ်ဖြစ် လူငယ်ဆန်ဆန်လေးလည်း ၀တ်လို့တော့ ရပါတယ်။ ဒါပေမယ့် မြန်မာအမြင်နဲ့ သင့်တော်တာမျိုးလေး ၀တ်ဆင်ပြီးတော့လည်း လှနိုင်ပါတယ်ဆိုတာလေး ပြောချင်ပါတယ်။
ဖွေးဖွေး
ဝတ်မှုန်ရွှေရည်
Read more
0 မြန်မာဖက်ရှင်ဒီဇိုင်နာများ မျက်နှာပန်းလှခဲ့ကြတဲ့ ဘန်ကောက် ဖက်ရှင်ပြပွဲ
မြန်မာဖက်ရှင်ဒီဇိုင်နာများ မျက်နှာပန်းလှခဲ့ကြတဲ့ ဘန်ကောက် ဖက်ရှင်ပြပွဲ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်၊ သြဂုတ်လ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သော '' Bangkok International Fashion Fair & Bangkok Leather Fair 2009 '' ဖက်ရှင် ပြပွဲကြီးတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဖက်ရှင် ဒီဇိုင်းပညာရှင် (၆)ဦး၏ လက်ရာများကို လာရောက် ကြည့်ရှုကြသည့် ပရိသတ်များ နှစ်ခြိုက်စွာ အားပေးခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ မြန်မာဒီဇိုင်နာ (၆)ဦးမှာ ဒီဇိုင်နာမပုံ့ (My Favourite) ၊ ဒီဇိုင်နာ ဆန်းဘောက်ရာ၊ ဒီဇိုင်နာ ရူပါရွှေ၊ ဒီဇိုင်နာ သက်နှင်းအေး(Dozo)၊ ဒီဇိုင်နာ လတ်လတ်နှင့် ဒီဇိုင်နာ တာတီးတို့ ဖြစ်ကြောင်း သိရသည်။ ''မြန်မာဒီဇိုင်နာတွေ ပါဝင် ပြသခွင့်ရခဲ့တဲ့ ဖက်ရှင်ပွဲတော်ကြီးမှာ ပြသသွားတဲ့ ဒီဇိုင်းအားလုံးက အားရစရာ ကောင်းပါတယ်။ မြန်မာ ဒီဇိုင်နာတွေက နိုင်ငံတကာ ဒီဇိုင်နာတွေနဲ့ တန်းတူ အရည်အသွေးတွေ ထုတ်ပြသွားကြတာ ဂုဏ်ယူဖို့ ကောင်းပါတယ်။ ကမ္ဘာက မြန်မာဆိုတာ ဒါပဲလို့ ဂုဏ်ယူရလောက်တဲ့ ဒီဇိုင်းတွေချည်းပါပဲ။ ထူးခြားတာ ကတော့ မြန်မာဒီဇိုင်နာ မပုံ့ (My Favourite) ရဲ့လက်ရာဝတ်ဆုံဆန်းတစ်ခုပါပဲ။ ကမာနဲ့ ပုလဲအစစ်တွေကို သုံးပြီး ချုပ်ထားတဲ့ ဒီဇိုင်းကို လာကြည့်တဲ့သူတိုင်း ကြိုက်ကြတယ်'' ဟု အဆိုပါပြပွဲသို့ သွားရောက် ကြည့်ရှုခဲ့တဲ့ ဘန်ကောက်မြို့ တွင် နေထိုင်သော မြန်မာဖက်ရှင် ပရိသတ် မယုမွန်ကျော်က e-mail မှ တဆင့် ပြောကြားခဲ့သည်။
ဖက်ရှင်ပွဲတော်၏ ပထမနေ့နှင့် ဒုတိယနေ့များတွင် အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လုပ်ငန်းရှင်များ တက်ရောက် ချီးမြှင့်ခဲ့ကြကြောင်း သိရပြီး၊ အဆိုပါရက်များတွင်သာ မြန်မာဒီဇိုင်နာများ၏ လက်ရာ ဝတ်စုံများကို ပါဝင် ပြသခဲ့ကြကြောင်း၊ လူကြိုက် အများဆုံး မြန်မာဒီဇိုင်နာ မပုံ့(My Favourite)က အခုလို ပြောကြားခဲ့သည်။
''နိုင်ငံပေါင်းစုံက နိုင်ငံတိုင်းရဲ့ ရိုးရာတွေကို ဦးစားပေး ဖော်ကျူးထားတဲ့ ဒီဇိုင်းတွေနဲ့ တင်ဆက်ကြတော့ အရမ်း ထူးခြားပါတယ်။ လူကြိုက်များခဲ့တဲ့ အစ်မရဲ့ ဝတ်စုံအတွက် ဇကာအပါး ကိုက်(၅ဝ)လောက် အကုန်ခံပြီး ချုပ်ခဲ့ရတာပါ။ နောက်ပြီး ကမာနဲ့ ပုလဲအစစ်တွေ သုံးပြီး အဲဒီဝတ်စုံမှာ တီထွင်ထားခဲ့တာပါ။ ဝတ်စုံကို ဝတ်ပေးခဲ့တဲ့ ထိုင်းမော်ဒယ်ကဆို အဲဒီဝတ်စုံကို ကြိုက်လွန်းလို့ ပြန်ရောင်းခဲ့ပါလို့ ပြောနေသေးတာ၊ အစ်မက နှမြောလို့ မရောင်းခဲ့ဘူး။ အစ်မချုပ်ပြီး ပြသခဲ့တဲ့ ဝတ်စုံ (၆)စုံထဲမှာ အထူးခြားဆုံး ဝတ်စုံပါပဲ။ သူများတွေ ပြသွား တဲ့အထဲမှာ ကမ္ဘောဒီးယားက ဝတ်စုံတွေကို သဘောကျတယ်။ သူတို့ရဲ့ရိုးရာဝတ်စုံဒီဇိုင်းတွေကို ရိုးရာတီးလုံးနဲ့ လျှောက်ပြသွားကြသလို ခေတ်ပေါ်ဖက်ရှင်ဝတ်စုံတွေ ကိုလည်း ခေတ်တီးလုံးနဲ့ show လျှောက်ပြ သွားတာ အရမ်းမိုက် တယ်။ အစ်မတို့ကတော့ တီးလုံးတွေဘာတွေ ပြင်ဆင်မသွားခဲ့ရ သလို မော်ဒယ်ဆိုလည်း သူတို့မော်ဒယ်တွေနဲ့ပဲလေ။ ကမ္ဘော ဒီယားက တော့ မော်ဒယ်ဆိုရင်လည်း သူတို့ရဲ့မော်ဒယ်တွေနဲ့ သေချာပြင် ဆင်ပြီးခေါ်လာကြတာလေ။ အစ်မတောင် နောက် တစ်ခါဆိုရင် သူတို့တွေလို သေချာစဉ်းစားပြီး စီစဉ်သွားမယ် လို့စိတ်ကူးထားတယ်။ တခြားဝတ်စုံ တွေကတော့ အစ်မရဲ့ Trade Mark ဖြစ်တဲ့ ကျောက် တွေ၊စီးကွင့်တွေနဲ့ပဲအလှဆင်ထားတာပါ။ ကမ္ဘော ဒီးယားကဝတ်စုံတွေ ဆိုအစ်မတို့ထက်တောင် ဆိုးသေးတယ်။ စီးကွင့်တွေအများကြီးပဲ။ အစ်မတောင် မျက်စိ ကျိန်းခဲ့ရတယ်။ ဟား ...ဟား ...ဟား။
အစ်မရဲ့ ဝတ်စုံတွေကို အမှတ်ပေးခဲ့ကြတဲ့ အတွက် အစ်မပျော်ပါတယ်။ နေမကောင်း ဖြစ်နေတဲ့ကြားကနေ မရရအောင် သွားရောက်ပြသခဲ့တာပါ။ အစ်မအတွက် မှတ်တိုင်တစ်ခု ကျန်ခဲ့တဲ့ အတွက် ပီတိဖြစ်မိပါတယ်''
ဟု ဒီဇိုင်နာမပုံ့ (My Favourite) က သူမ၏ ပီတိစကားကို လျှပ်တစ်ပြက်သို့ ပြောကြားခဲ့သည်။
ထိုင်းအထည်အလိပ် ကုန်သည်ကြီးများ အသင်း (Tha Textile Mershants Association) ဥက္ကဋ္ဌ (Mr. Suchai Pornsirikul)က အဆိုပါပြပွဲ၏ ယခုနှစ် ဆောင်ပုဒ်မှာ '' Fashion Full Stop '' ဖြစ်သည်ဟု အင်တာနက် စာမျက်နှာများတွင် ဖြေကြားခဲ့ပြီး နိုင်ငံတကာ အဆင့် ဖက်ရှင်ပွဲတော်ကြီးကို အာဆီယံ (၁ဝ)နိုင်ငံအတွက် ပထမဦးဆုံး အနေဖြင့် ဘန်ကောက်မြို့တွင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက အတည်ပြု ပြောကြားထားသည်။ Photo; Thaicatwalk. com.
Read more
0 သြဂုတ်လ (၂၇) ရက်နေ့က Chatrium Hotel မှာ ကျင်းပခဲ့တဲ့ Dream Wedding Fair 2011 မှ ဓာတ်ပုံများ
Wyen Su Khine Thein, Ye Htike, Nan Su Yati Soe and Pearl Win @ Chatrium Dream Wedding Fair 2011
Myanmar Popular Signer Phyu Phyu Kyaw Thein @ Chatrium Dream Wedding Fair 2011
Chatrium Dream WEdding Fair 2011
Held on 27 August 2011 @ Chatrium Hotel, Yangon
Read more
Delete this element to display blogger navbar
Powered by Blogger